Get Mystery Box with random crypto!

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာတဲ့မြန်မာ ၁၂ ဦးနဲ့ယာဉ်မောင | Border News Agency

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာတဲ့မြန်မာ ၁၂ ဦးနဲ့ယာဉ်မောင်းဖမ်းဆီးခံရ

BNA(သတင်း)
ဘန်ကောက်၊ဇွန် ၄။

ထိုင်းနိုင်ငံအလယ်ပိုင်း၊ဆင်းဘူရီပြည် နယ် Sing Buri Muangမြို့၊ဘန်မိုင်းကျေးရွာအနီး၊အာရှလမ်းမပေါ်မှာ ဇွန် လ ၃ ရက်နေ့၊ညနေက တရားမဝင်ဝင်
ရောက်လာတဲ့မြန်မာနိုင်ငံသား ၁၂ ဦးလိုက်ပါလာတဲ့ကားတစ်စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအခြေ စိုက် khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီမြန်မာ ၁၂ ဦးကို တင်ဆောင်လာတဲ့ကားဟာ ဘန်မိုင်ကျေးရွာအနီး၊အာရှလမ်းမပေါ်ရှိ ရထားဂိတ်တံခါးကို ဝင်တိုက်မိတာမို့ ထိုင်းယာဥ်ထိန်းရဲတွေက
စစ်ဆေးရာမှာ အဖမ်းခံရတာဖြစ်ပါတယ်။

အဲဒီယာဉ်မောင်းဖြစ်သူ အသက် ၄၄ နှစ်အရွယ်၊မစ္စတာမိုင်ကိုပါ ထိုင်းယာဥ်ထိန်းရဲက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖမ်းဆီးခံရတဲ့ မြန်မာ ၁၂ ဦးထဲမှာအမျိုးသား ၂ ဦး၊အမျိုးသမီး ၁၀ ဦးပါဝင်ပါတယ်။

သူတို့ကို ထိုင်းနိုင်ငံ၊တက်ခ်ခရိုင်မှအယုဒ္ဓယပြည်န ယ်၊ဘုရာ့နခွန်စီခရိုင်သို့လူတစ်ဦးကို ဘတ်ငွေ ၂၀၀၀ ကျစီနဲ့ပို့ ဆောင်ပေးတာလို့ ယာဥ်မောင်းဖြစ်သူက ဝန်ခံတယ်ဆိုပြီး Sing Buri Muang ရဲစခန်းက ထုတ်ပြန်ထားပါတယ်။

အဲဒီယာဉ်မောင်းအပါအဝင် တရားမဝ င်မြန်မာရွေ့ပြောင်းလုပ်သားတွေကို Sing Buri Muangမရဲစခန်းမှာ စစ်ဆေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနော က်ပိုင်းမှာမြန်မာနိုင်ငံသားအများစုဟာ ထိုင်းနိုင်ငံသို့တရားမဝင် လမ်းဝင်ရောက်နေကြပါတယ်။

ပြီးခဲ့တဲ့မေလကလည်း ထိုင်းနိုင်ငံသို့တ ရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၀၀ ကျော်ကို ထိုင်းရဲတွေဖမ်းဆီးခံပါတယ်။

အဲဒီလိုဖမ်းဆီးခံရသူတွေအပြင် ယာဉ်မတော်တဆဖြစ်လို့ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့သလိုဒဏ် ရာရရှိသူအများအပြားရှိခဲ့တယ်လို့လည်း မြန်မာရွေ့ ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-ဖမ်းဆီးခံထားရတဲ့မြန်မာရွေ့ပြောင်းလုပ် သားတွေကိုတွေ့ရပုံ /khaosod)