Get Mystery Box with random crypto!

Border News Agency

Telegram kanalining logotibi bnanew — Border News Agency B
Telegram kanalining logotibi bnanew — Border News Agency
Kanal manzili: @bnanew
Toifalar: Kattalashtirilmagan
Til: OĘťzbek tili
Obunachilar: 715
Kanalning ta’rifi

''ရခိုင်ဒေသအကြောင်းတွေကို စုံစမ်းဖော်ထုတ်ရေးသားတင်ပြရန်''

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

0

2 stars

1

1 stars

0


Oxirgi xabar

2023-06-06 04:29:19
37 views01:29
Ochish/sharhlash
2023-06-06 04:29:12 ရခိုင်မှာ စိတ်ကြွရူးသွပ်ဆေး(WY)ရောင်းချသူတွေကို စစ်ကောင်စီက လစဉ်ကြေးကောက်ပြီး ခွင့်ပြုနေ

BNA(သတင်း)
စစ်တွေ၊ ဇွန် ၅။

ရခိုင်ပြည်အတွင်း မြို့နယ်တွေမှာ စိတ်ကြွရူးသွပ်ဆေးပြား(WY)ရောင်းချနေသူတွေကို စစ်ကောင်စီလက်အောက်ျခံရဲတပ်ဖွဲ့ဝင်တွေက လစဉ်ကြေးတွေ ကောက်ယူပြီး ခွင့်ပြုပေးထားတယ်လို့ မူးယစ်ဆေး ဝါးသုံးစွဲသူတွေနဲ့ အဲဒီအကြောင်း လေ့လာနေသူတွေက အတည်ပြု ပြောဆိုကြပါတယ်။

ရခိုင်ပြည်အတွင်းရှိ မြို့နယ်တွေ(အထူးသဖြင့်မြော က်ပိုင်းမြို့နယ်တွေ)မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေကို မြို့ပေါ်ရော နယ်ကျေးရွာတွေမှာပါ အလွယ်တ ကူရောင်းဝယ်လို့ ရနေတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲမှုတွေ ပိုများလာခဲ့တာဖြစ်ပါတယ်။

အဲဒီလို မူးယစ်ဆေးရောင်းချသူတွေဟာ စစ်ကောင် စီလက်အောက်ခံရဲတပ်ဖွဲ့ကို ငွေကြေးတွေပေးထားပြီးတရားဝင်ပစ္စည်းတွေ ရောင်းချသလိုရောင်းချနေ ကြတာဖြစ်တယ်လို့ ကိုယ်တိုင်တွေ့ ကြုံဖူးတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေက ပြောကြပါတယ်။

“ရဲကတောင် သူတို့ကို အပြန်ကြောက်ရသလိုပဲ။လတိုင်းပိုက်ဆံပေးနေတာကို။သူတို့ဆီကို ရဲကလာပြီးပိုက်ဆံလာကောက်ကြတာနော်။ကွမ်းယာ၊ဆေးလိ ပ်လိုရောင်းတာ။ကျွန်တော်တို့မြို့မှာဆိုရင် အစိချေ (WY)ရောင်းတဲ့ အိမ်တစ်ဆယ်နီးပါးလောက်တောင်ရှိတယ်။”လို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေနဲ့ WY ရောင်းသူတို့အကြားငွေအပေးအယူတွေကို ကိုယ်တိုင်မြင်တွေ့ဖူးသူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကအဲဒီလိုငွေကြေးလက်ခံပြီး မူယစ်ဆေး ဝါးတွေရောင်းချခွင့်ပြုထားတဲ့ မြို့အနည်းဆုံးသုံးမြို့ကို BNA က မျက်မြင်တွေနဲ့ အတည်ပြုနိုင်ပြီး ကျန်မြို့နယ်တွေမှာလည်း အဲဒီလိုပဲရောင်းချနေကြတာဖြစ်တယ်လို့ လေ့လာသူတွေကပြောကြပါတယ်။

“မြို့တိုင်းမှာ အကုန်လုံး ဒီအတိုင်း ပေါ်တင်ရောင်းနေကြတာလေ။ရဲက ခွင့်ပြုထားလို့ပေ့ါ။မဟုတ်ရင် ဘယ်အချိန်ဝင်ဖမ်းဖမ်း ဖမ်းလို့ရတယ်လေ။ဖမ်းမှ မဖမ်းတာ၊ရဲက ပိုက်ဆံယူပြီး ခွင့်ပြုထားတာ အသိသာကြီးပဲလေ။တခါတလေ ဖမ်းတယ်ဆိုရင်လည်း အဲဒီရဲကို ပိုက်ဆံမပေးတဲ့သူတွေပဲ ဖြစ်မယ်။”လို့ စစ်တွေမြို့မှ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူ လူငယ်တစ်ဦးက BNAသို့ ပြောပါတယ်။

ရခိုင်ပြည်ဟာ နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးရောင်းဝယ်ကုန်ကူးသူတွေရဲ့ အဓိကျရာလမ်း ကြောင်းတစ်ခုဖြစ်ပေမယ့် ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေကတော့ မရှိသလောက်နည်းပါးတယ်လို့ အဲဒီအ ကြောင်းလေ့လာနေသူတွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေတာကို ငွေကြေးရယူပြီး ခွင့်ပြုထားသလို ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊တရားစီရင်ရေးယန္တရားတွေကို လုပ်ကို င်နေတဲ့ ရက္ခိုင့်တပ်တော် (AA)ကလည်း မူးယစ်ဆေးဝါးရော င်းချသူတွေကိုဖမ်းဆီးတာမျိုး မတွေ့ရဘူးလို့ ဒေသ ခံတွေက ပြောကြပါတယ်။

အရင်တိုက်ပွဲတွေမဖြစ်မီတုန်းကတော့ မူးယစ်ဆေး ဝါးသုံးစွဲသူတွေကို ရက္ခိုင့်တပ်တော်(AA)က ဖမ်း ဆီး၊အပြစ်ပေးတာတွေရှိခဲ့ပေမယ့် တိုက်ပွဲတွေဖြစ် လာပြီးနောက်ပိုင်းမှာတော့ အဲဒီလို ဖမ်းဆီးတာတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတာ တိုင်းပြည်မငြိမ်သက်မှုတွေ၊ဆင်းရဲနွမ်းပါးမှုတွေနဲ့ဆက်စပ်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စဖြစ်ကာ လတ်တလောအခြေအနေမှာ ပပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း AA ပြောခွင့်ရ ခိုင်သုခက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ဩဂုတ်လသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း စိတ်ကြွရူးသွပ်ဆေး ပြား(WY)တစ်ပြားရဲ့ တန်ဖိုးဟာ ကျပ် ၄၀၀၊ ၅၀၀ ဝန်းကျင် သာ ရှိနေပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စျေးနှုန်းတွေ လေးဆကျော်လော က်အထိ ကျဆင်းသွားခဲ့တာဖြစ်ပြီး အာဏာမသိမ်းခင်က တစ်ပြားကို ၂၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဖမ်းဆီးရမိခဲ့တဲ့ WY ဆေးပြား ၂၂၄ သန်းနဲ့ ICE ၂၃ တန်ကျော် ရှိခဲ့ကာ ၂၀၂၁ ခုနှစ်မှာ WY ဆေးပြား ၂၁၂ သန်းနဲ့ ICE ၁၄ တန် ရှိခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွေက ဆိုပါတယ်။

ဒါပေမယ့် ဖမ်းဆီးရမိတဲ့ ပမာဏဟာ အမှန်တကယ်ထုတ်လုပ်တဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ် မှုတိုက်ဖျက်ရေးရုံး(UNODC)အပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးအဖွဲ့တွေက ခန့်မှန်းပြောဆိုထားကြပါတယ်။

အဖတ်တမင်းလို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြား (WY)နဲ့ ပုံဆောင်ခဲ(ICE)တို့ကို မြန်မာ၊လာအို သုံးနိုင် ငံအစပ်ဖြစ်တဲ့ရွှေတြိဂံနယ်မြေမှာထုတ်လုပ်ကြပြီးအထူးသဖြင့် မြန်မာနိုင်ငံ၊ရှမ်းပြည်အတွင်းမှာ ထုတ်ကြတယ်လို့ (UNODC)ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော် ပြပါတယ်။

အဲဒီလို မြန်မာနိုင်ငံရဲ့အဖတ်တမင်း (WY နဲ့ICE) ထုတ်လုပ်မှုဟာ မြောက်အမေရိကအတွင်း ဓါတုမူးယစ်ဆေးထုတ် လုပ်မှုအများဆုံးဖြစ်တဲ့ မက္ကဆီကိုနိုင်ငံရဲ့ ထုတ်လုပ်မှုပမာဏထက်တောင် ပိုများနေသေးတယ်လို့လည်း မူးယစ် ဆေးဝါးတားဆီးနှိပ်နှင်းရေးအဖွဲ့တွေရဲ့ အချက်အလက်တွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-မူးယစ်ဆေးဝါး(WY)သုံးစွဲရာမှာအသုံးပြုတဲ့ပစ္စည်းတစ်ခုကို မြောက်ဦးမြို့ရှိရှေးဟောင်းဘု ရားတစ်ဆူမှာတွေ့ရပုံ/BNA)
36 views01:29
Ochish/sharhlash
2023-06-06 04:28:17
27 views01:28
Ochish/sharhlash
2023-06-06 04:28:00 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အမျိုးသားလုံခြုံရေးအဖွဲ့က ဒုက္ခသည်တွေကိုဖိအားပေးပြီးGo Home Campaing တစ်ခုပြုလုပ်ခိုင်းနေ

BNA(သတင်း)
ကော့ဘဇား၊ဇွန် ၅ ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊အူကီးယားနဲ့တက္ကနာဖ့်မြို့နယ်ရှိ ဒုက္ခသည်စခန်းတွေက ဒုက္ခသ ည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အမျိုးသားလုံခြုံရေးအဖွဲ့က ဖိအားပေးပြီး လာမယ့်ဇွန်လ ၈ ရက်နေ့မှာ Go Home Campaing တစ်ခုပြုလုပ်ခိုင်းနေတယ်လို့ ဒုက္ခသည်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီလှုပ်ရှားမှုအတွက် တက္ကနာဖ့်ရှိဒုက္ခသည်စခန်း အမှတ်(၂၄၊၂၅၊၂၆၊၂၇)တွေရှိ စခန်းတာ၀န်ခံရုံးသို့ဇွန်လ၄ ရက်၊မနေ့နေ့လယ် ၁၂ နာရီအချိန်က အမျိုးသားလုံခြုံရေးအဖွဲ့ဝင်တွေရောက်ရှိလာပြီးဖိ အားပေးခိုင်းစေဖို့အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အူကီယားမြို့ရှိကုတုပါလောင်ဒုက္ခသည်စခန်းနဲ့ဘာလုခါလီဒုက္ခသည်စခန်းတွေသို့လည်းအမျိုးသားလုံခြုံရေးအဖွဲ့ဝင်တွေရောက်ရှိလာပြီးဖိ အားပေးခိုင်းစေဖို့အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီစခန်းတွေရှိ စခန်းတာဝန်ခံတွေ၊ဘာသာရေးဆရာတွေဦးဆောင်ပြီးလာမယ့်ဇွန်လ ၈ ရက်၊သြသပတေးနေ့မှာ Go Home Campaing တစ်ခုကိုမဖြစ်မနေပြုလုပ်ဖို့ ဖိအားပေးခိုင်းစေခဲ့ကြတာလို့ ရိုဟင်ဂျာဒုက္ခသည်တွေက အတည်ပြုပြောကြပါတယ်။

''ဘာအချက်အလက်တွေနဲ့ဘာ Campaing လုပ်ရမယ်ဆိုတာကို ဒုက္ခသည်တွေနဲ့ဒုက္ခသည်တွေကိုကိုယ်စားပြုနိုင်သူတွေကို ဆွေးနွေးခဲ့တာမရှိပါဘူး။အာဏာဆန်ဆန် လုပ်ချင်သလိုလုပ်ပြီး အတင်းနေ ရပ်ပြန်ပို့ဖို့ နည်းအမျိုးမျိုးအသုံးပြုနေတာပါ။ဒုက္ခ သည်တွေနာမည်ပျက်အောင်လုပ်နေတာပါ။
ကျွန်တော်တို့ကန့်ကွက်ရှုတ်ချပါတယ်။ ''လို့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက BNAသို့ ပြောပါတယ်။

အဲဒီအမျိုးသားလုံခြုံရေးအဖွဲ့(NSI)ဟာရိုဟင်ဂျာဒုက္ခသည်တွေကို ဘားချောန်ချောရ်ကျွန်းသို့ ပြောင်းရွေ့ရေးအတွက်လည်း နည်းမျိုးစုံးအသုံးပြုအကော င် အထည်ဖော်ပြုလုပ်ခဲ့ကြတာလို့ ဒုက္ခသည်တွေက ဝေဖန်ပြောဆိုကြပါတယ်။

အဲဒီအပြင် ကျန်တဲ့ဒုက္ခသည်တွေကိုလည်း နေရပ်ပြန်ရေးကိစ္စအကောင်အတည်ဖော်နိုင်ငံဖို့ လန်ဒန်နေ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)ခေါင်း ဆောင်ဒေါက်တာယူနုစ်တို့အဖွဲ့ကိုခေါ်ယူအသုံးချနေတယ်လို့လည်း ဒုက္ခသည်တွေက ဝေဖန်ထောက်ပြကြပါတယ်။

အဲဒီရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအ စိုးရရဲ့အသုံးချခံဖြစ်နေသလို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army)ဟာလည်း အာဏာသိမ်းစစ်တပ်ရဲ့အ သုံးချခံသာဖြစ်ပြီး ရိုဟင်ဂျာလူထုကိုကိုယ်စားပြုအဖွဲ့အစည်းတွေ မဟုတ်ကြဘူးလို့လည်း ရိုဟင်ဂျာဒုက္ခသည်အများစုက ဆိုကြပါတယ်။

''ခုက ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကျနော်တို့ကို လက်မခံချင်တော့သလိုပါ။ခုက ကျနော်တို့နေရပ်ပြန်ရေးအ တွက်ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း မသမာတဲ့နည်းလမ်းတွေကို အသုံးပြုနေပါတယ်။ကျနော်တို့ရဲ့အသက်ရှင်ရပ်တည်နေထိုင်ရေးက စိုးရိမ်းစရာအလွန်ကောင်းနေပါတယ်။''လို့ ရိုဟင်ဂျာဒုက္ခ
သည်တစ်ဦးက BNA သို့ပြောပါတယ်။

ရခိုင်ပြည်၊မောင်တောဒေသမှာ ၂၀၁၇ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့စတင်ပြီးမြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလူဦးရေ ခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီရိုဟင်ဂျာခုနှစ်သိန်းအပြင် ဟိန္ဒိူဒုက္ခသည်တွေနဲ့အရင်ရောက်နှင်းနေတဲ့ဒုက္ခသည်စုစုပေါင်းတစ်သန်းကျော်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး၊ခရီးသွားလာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

''အရင်ကတည်းက မလုံခြုံတာပါ။ခုနောက်ပိုင်းပိုဆိုးလာနေပါတယ်။ကျနော်တို့ကို အကာအကွယ်ပေးမယ့်သူတွေ၊အဖွဲ့အစည်းတွေ တစ်ယောက်၊တစ်ဖွဲ့မှမရှိပါဘူး။''လို့ ရိုဟင်ဂျာဒုက္ခသ ည်တစ်ဦးက BNA သို့ ပြောပါတယ်။

အဲဒီအပြင်ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်သတ်ဖြတ်ကာ၊ဖမ်းဆီးပြန်ပေးဆွဲတာ၊မူးယစ်ဆေး ဝါးတွေရောင်းဝယ်ဖောက်ကားနေတာစတဲ့ ရာဇဝ တ်မှုတွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ရိုဟင်ဂျာ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခ ရိုင်၊ဒုက္ခသည်စခန်းအမှတ်(၈)အရှေ့၊ဘာလူခါလီစခန်းနေ ရိုဟင်ဂျဒုက္ခသည် တစ်ဦးကို အာဆာအဖွဲ့က ဇွန်လ ၄ရက်၊
ဒီနေ့နေ့လည်က သေနတ်နဲပစ်သတ်လို က်တယ်လို့ ဒုက္ခသည်တွေက အတည် ပြုပြောပါတယ်။

အဲဒီအပြင် ဘဂ်လားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊တက္ကနာဖ့်မြို့နယ်၊ဒုက္ခသည်စခန်းအမှတ် ၂၅ နေ၊ရိုဟင်ဂျဒုက္ခသည်ငါးဦးကို ဇွန်လ ၂ ရက်နေ့ကအကြ မ်းဖက်သမားတွေပြန်ပေးဆွဲသွားပြီးအဲဒီအထဲကတစ်ဦးရဲ့လက်တစ်ဖက်ကိုဖြတ်ထားခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက အတည်ပြုပြောကြပါတယ်။

(ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းတစ်ခု/BNA)
30 views01:28
Ochish/sharhlash
2023-06-05 14:27:07
75 views11:27
Ochish/sharhlash
2023-06-05 14:27:00 စိုက်ခင်းနဲ့ နေအိမ်တွေအားလုံးနီးပါး ပျက်သွားခဲ့တဲ့ တောဖျားချောင်းမှာ စားနပ်ရိက္ခာ အရေးတကြီးလိုနေ

(လာလှူကြတဲ့ အလှူရှင်တွေလည်း မရှိသလောက် နည်းပါးနေဆဲ)

BNA(သတင်း)
ပုဏ္ဏားကျွန်း၊ ဇွန် ၅။

ပုဏ္ဏးကျွန်းမြို့နယ်၊တောဖျားချောင်းဒေသမှာရှိတဲ့ ထောင်ချီတဲ့မုန်တိုင်းဒဏ်သင့်ပြည်သူတွေဟာ အမိုး အကာနဲ့စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေပြီး လာရောက်လှူဒါန်းကြတဲ့ ကူညီရေးအဖွဲ့တွေဟာလည်း မရှိသလောက်နည်းပါးနေသေးတယ်လို့ ပြောကြပါတယ်။

ပုဏ္ဏာကျွန်းမြို့နယ်အထက်ပိုင်း တောဖျားချောင်းဒေသမှာ ကျေးရွာပေါင်းခြောက်ဆယ်ကျော်ရှိပြီး အဲဒီရွာတွေမှာ ရွာလုံးကျွတ်နီးပါးအိမ်တွေ ပျက်စီးသွားခဲ့ကာ ဝမ်းရေးအတွက် စိုက်ပျိုးထားကြတဲ့ ကွမ်းရွက်စိုက်ခင်းတွေအပါ အဝင် နှစ်ရှည်ပင်တွေနဲ့ သီးနှံစိုက်ခင်းတွေဟာလည်း ပျက်စီးသွားခဲ့ရတယ်လို့ ဆိုကြပါတယ်။

စီးပွားလုပ်စားနေကြတဲ့ ကွမ်းခင်းတွေ အကုန်ပျက် စီးသွားတယ်။သူတို့မှာ ကွမ်းကို ရောင်းပြီးမှ ထမင်း စားဖို့ ဆန်ဝယ်ရတာပါ။အဲလိုလုပ်စားနေကြတာမှာ ကွမ်းခင်းတွေ အကုန်ပျက်သွားတော့ စားဖို့သောက်ဖို့အတွက် အခက်အခဲဖြစ်နေကြတယ်။သူတို့က နေစရာနေရာထက် ထမင်းလေးတစ်နပ်စားရရင်တော်ပြီဆိုတဲ့ အခြေအနေမျိုး။လို့ အဲဒီဒေသကိုသွားရော က်ခဲ့တဲ့ ပုဏ္ဏာကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအသ င်း(PDYO)မှ အတွင်းရေးမှူး ကိုမောင်မောင် သန်းက ပြောပါတယ်။

အဲဒီတောဖျားချောင်းဒေသမှာ ကွမ်းခင်းပေါင်း ထောင်နဲ့ချီ ပျက်စီးသွားခဲ့ရပြီး စားနပ်ရိက္ခာတွေလည်း မုန်တိုင်းနဲ့ ပါသွားတာကြောင့် ကြီးမားတဲ့စားရေးသောက်ရေးအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ တောဖျားချောင်းဒေသမှ မုန်တိုင်းသင့်ဒေသခံတွေက ပြောကြပါတယ်။

မုန်တိုင်းနဲ့ အိမ်တွေအကုန်လုံးပါသွားတယ်။ဘာမှ မကျန်ခဲ့ဘူး။စားဖို့၊သောက်ဖို့ဟာတွေလည်း မရှိဘူး။လောလော ဆယ်စားဖို့၊သောက်ဖို့အရေးကြီးပါတ ယ်။အခု ပုဏ္ဏာကျွန်းက ကယ်ဆယ်ရေးပေးလာတာကို စားနေကြပါတယ်။ကုနျရငျစားစရာမရှိတောာ့ဘူး။အမိုးအကာတွေလည်း မရှိသေးဘူး။လို့ တောဖျားချောင်းဒေသ၊အောင်မြေကုန်းရွာမှ မမျိုးခိုင်က ပြောပါတယ်။

လက်ရှိမှာ တောဖျားချောင်းဒေသရှိ မုန် တိုင်းသင့်ကျေးရွာတွေကို စစ်ကောင်စီကလည်း ဆန်အနည်း ငယ်(တစ်အိမ် တစ်ဗူး၊နှစ်ဗူးကျ)သာ ပေးထားသေးပြီး ကူညီရေးအဖွဲ့တွေလည်း လုံး၀မရောက်သေးသလောက်ရှိနေတယ်လို့တောဖျားချောင်းဒေသမှ ကျေးရွာ ၁၄ ရွာကို ဆန်နဲ့အမိုးအကာတွေ သွားထောက်ပံ့ခဲ့တဲ့ PDYO က ဆိုပါတယ်။

အမိုးမရှိဘဲလည်း နေကြရတယ်။မိုးရွာရင်မိုးလုံမယ့်နေရာမှာ ဝင်အိပ်လိုက်ကြတယ်။စားဖို့သောက်ဖို့က တော့ လုံး၀အခက်အခဲပဲဖြစ်နေကြတာ။ငတ်တဲ့သူတွေတောင် ရှိတယ်ပြောကြတယ်။လို့ PDYO မှ ကိုမောင်မောင်သန်း ကပြောပါတယ်။

အဲဒါကြောင့် ကူညီရေးအဖွဲ့တွေအနေနဲ့ တစ်နေရာတည်းကိုပဲစုပြုံပြီးသွားရောက်လှူဒါန်းကြတာမျိုး မလုပ်ဘဲ တောဖျားချောင်းဒေသကဲ့သို့ အလှူရှင်တွေ မရောက်သေးတဲ့ဒေသတွေကို ပိုပြီးတော့ ဦးစားပေးလှူဒါန်းကြစေလိုတယ်လို့ ထောက်ပြကြပါတယ်။

ရောက်ပြီးသားရွာတွေကို တစ်ကြိမ်၊နှစ်ကြိမ် ရောက်သွားပြီး မရောက်သေးတဲ့ရွာတွေကို လုံး၀မရောက်သေးဘူး ဆိုရင် တအားခံကြရတယ်။အခုထိ အ မိုးအကာတစ်ခုမှ မရသေးတဲ့ရွာတွေ အများကြီးရှိပါသေးတယ်။တောဖျား ချောင်းတစ်ခုတည်းမှာမဟု တ်ဘူး။ကားလမ်းဘေးက ရွာတွေမှာလည်း လုံး၀မရောက်သေးတဲ့ ရွာတွေ ရှိတယ်။လို့ ကိုမောင်မောင်သန်းက ပြောပါတယ်။

တောဖျားချောင်းဒေသဟာ ရခိုင်ပြည်အတွင်းရှိ ဝေး လံခေါင်သီးတဲ့ဒေသတွေထဲကတစ်ခုဖြစ်ပြီး အဲဒီဒေ သက ပြည်သူတွေဟာ ကွမ်းရွက်စိုက်ခင်းစိုက်တာ၊ဝါးခုတ်တာ၊နှစ်ရှည်သီးပင်တွေ စိုက်ပျိုးတာစတဲ့အလုပ်တွေနဲ့ သက်မွေးနေကြသူတွေဖြစ်ကြပါတ ယ်။

(ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းဒေသကို ဇွန်လ ၃ ရက်နေ့ကတွေ့ရပုံ/BNA)
79 views11:27
Ochish/sharhlash
2023-06-05 06:25:44
94 views03:25
Ochish/sharhlash
2023-06-05 06:25:35 ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေလိုအပ်နေ

BNA(သတင်း)
ရသေ့တောင်၊ဇွန်လ ၅။

ရခိုင်မှာ မေလ ၁၄ ရက်နေ့ကတိုက်ခဲ့တဲ့မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရသေ့တောင်မြို့နယ်၊စေတီပြင်စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းသို့ ကူညီကယ်ဆယ်ရေးတွေရောက်ကြပေမယ့် ရက်အနည်းငယ်သာ စား၀ တ်နေရေးအဆင်ပြေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

"အဘွားက အသက်ကြီးပြီ။မုန်တိုင်းတို က်တဲ့နေ့ကလည်းအတော်လေးကြော က်ခဲ့တယ်။အကုန်လုံးပျက်စီးသွာတာ၊ဘာမှကိုမကျန်တော့ဘူး။စားဝတ် နေရေးလည်းအဆင်မပြေဘူး။အသက်ရှင်ဖို့ရေ သောက်နေရတာ ရေကလည်းသိပ်မသန့်ဘူး။" လို့ အဲဒီစစ်ဘေးရှောင်စခန်းမှ အဘွားတစ်ဦးက BNA သို့ပြောပါတယ်။

မိုခါအလွန်ကူညီကယ်ဆယ်ရေးပေးတဲ့အဖွဲ့တွေကို စစ်ကောင်စီတားမြစ်ကန့်သတ်ထားတာမို့ မုန်တိုင်းသင့်ရခိုင်ပြည်သူတွေအပါအဝင် စစ်ဘေးရှောင်တွေ
ဟာ စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေကြ ရတာလို့ ဆိုကြပါတယ်။

"ကျွန်တော်တို့က လုပ်ချင်ပေမယ့် အသေအချာလုပ်ခွင့်တော့မရဘူး။စစ်ကောင်စီဖက်က တားမြစ်မူတွေရှိတ ယ်။ထိထိရောက်ရောက်လည်း မပေးနိုင်ကြဘူး ။အခုထိလည်း လိုအပ်နေတဲ့သူတွေက အများကြီး။" လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက BNA သို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်မှမုန်တိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးမယ့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး
အဖွဲ့တွေကို ခုချိန်ထိတားမြစ်ကန့်သတ်ထားတယ် လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အရပ်ဖက်အဖွဲ့အစ ည်းတွေက ဆိုကြပါတယ်။

စစ်ဘေးဒဏ်တွေသာမက သဘာ၀ ဘေးဒဏ်ကိုပါ ကြုံတွေ့ ခံစားနေကြရတဲ့ စေတီပြင်စစ်ဘေးရှောင်စခန်းမှာစားဝတ်နေရေးအပြင် အမိုးအကာနဲ့သောက်သုံးရေကအစ အကူအညီတွေလိုအပ်နေတာလို့ ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာအိမ်ထောင် စု ၂၃၈စုနဲ့ လူဦးရေ ၁၀၅၆ ဦးရှိပြီးရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်လာကြသူတွေ ဖြစ်ပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူတစ်သန်းကျော်စားဝတ်နေရေးအကူအညီတွေလိုအပ်နေကြတယ်လို့ ရခိုင်ပြည်သူတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ဆို
ကြပါတယ်။

#BNA#ရသေ့တောင်#စေတီပြင်#စစ်ဘေရှောင်#အ ကူအညီ#လိုအပ်နေ#

(ဓာတ်ပုံ-ရသေ့တောင်မြို့နယ်၊စေတီပြင်စစ်ဘေးရှောင်စခန်း/ပေးပို့)
92 views03:25
Ochish/sharhlash
2023-06-05 06:25:33
69 views03:25
Ochish/sharhlash
2023-06-05 06:24:59 ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်တွေကို အကာအကွ ယ်ပေးမယ်လို့ ကုလဆို

BNA(သတင်း)
ကော့ဘဇား၊ဇွန် ၄။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ကော့ဘဇားရှိဒုက္ခသည်စခန်း
တွေဆီ ဇွန်လ ၄ ရက်၊ဒီနေ့ရောက်ရှိနေတဲ့ ကမ္ဘာ့ကု လသမဂ္ဂမဟာမင်းကြီးရုံးက လက်ထောက်မဟာမင်းကြီး Kelly Clements ပြောဆိုလိုက်တာဖြစ်ပါတယ်။

သူဟာ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့နေရပ်ပြန်ပို့ရေးဆိုင်ရာကော်မရှင်နာ Mohammed Mizanur Rahmanတို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာ နိုင်ငံသို့ ဆန္ဒအလျောက်ဘေးကင်းလုံခြုံစွာပြန်သွားနိုင်တဲ့အထိ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့
ဆွေးနွေးခဲ့ကြတယ်လို့ ဆိုကြပါတယ်။

သူဟာ ဒုက္ခသည်စခန်းတွေရှိ ကုလလက်အောက်ခံအဖွဲ့အစည်းတွေရဲလုပ်ငန်းတွေကိုလည်း လေ့လာကြည့်ခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီမဟာမင်းကြီးဟာ ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ချိန်မှာ ဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံနေမှုလျော့ချထားတာတွေကို ဒုက္ခသည်တွေက တင်ပြခဲ့ကြတယ်လို့လည်း ဒုက္ခသည်တွေက ဆိုကြပါတယ်။

ရခိုင်ပြည်၊မောင်တောဒေသမှာ ၂၀၁၇ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့စတင်ပြီးမြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလူဦးရေ ခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတယ်။

''အရင်ကတည်းက မလုံခြုံတာပါ။ခုနောက်ပိုင်းပိုဆိုးလာနေပါတယ်။ကျနော်တို့ကို အကာအကွယ်ပေးမယ့်သူတွေ၊အဖွဲ့အစည်းတွေ တစ်ယောက်၊တစ်ဖွဲ့မှမရှိပါဘူး။''လို့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက BNA သို့ ပြောပါတယ်။

အဲဒီရိုဟင်ဂျာခုနှစ်သိန်းအပြင် ဟိန္ဒိူဒု က္ခသည်တွေနဲ့အရင်ရောက်နှင်းနေတဲ့ဒုက္ခသည်စုစုပေါင်းတစ် သန်းကျော်ဟာဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး၊ခရီး သွားလာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်သ တ်ဖြတ်ကာ၊ဖမ်းဆီးပြန်ပေးဆွဲတာ၊မူးယစ်ဆေးဝါးတွေရောင်းဝယ်ဖောက်ကားနေတာစတဲ့ ရာဇဝတ်မှုတွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။

အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊ဒုက္ခသည်စခန်းအမှတ်(၈)အရှေ့၊ဘာလူခါလီစခန်းနေ ရိုဟင်ဂျဒုက္ခသည် တစ်ဦးကို အာဆာအဖွဲ့က ဇွန်လ ၄ရက်၊
ဒီနေ့နေ့လည်က သေနတ်နဲပစ်သတ်လို က်တယ်လို့ ဒုက္ခသည်တွေက အတည် ပြုပြောပါတယ်။

အဲဒီအပြင် ဘဂ်လားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊တ က္ကနာဖ့်မြို့နယ်၊ဒုက္ခသည်စခန်းအမှတ် ၂၅ နေ၊ရိုဟင်ဂျဒုက္ခသည်ငါးဦးကို ဇွန်လ ၂ ရက်နေ့ကအကြမ်း ဖက်သမားတွေပြန်ပေးဆွဲသွားပြီးအဲဒီအထဲကတစ်ဦးရဲ့လက်တစ်ဖက်ကိုဖြတ်ထားခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသ ည်တွေက အတည်ပြုပြောကြပါတယ်။

(ဓာတ်ပုံ-ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးရုံးမှလက် ထောက်မဟာမင်းကြီး Kelly Clementsကို ရိုဟင်ဂျာဒုက္ခသည်စခန်းမှာတွေ့ရပုံ/ပုံUNHCR bangladesh)
69 views03:24
Ochish/sharhlash