Get Mystery Box with random crypto!

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို အာဆာက သေနတ်နဲ့ပစ်သတ် BNA(သတင်း) ကေ | Border News Agency

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို အာဆာက သေနတ်နဲ့ပစ်သတ်

BNA(သတင်း)
ကော့ဘဇား၊ဇွန် ၄။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊ဒုက္ခသည်စခ န်းအမှတ်(၈)အရှေ့၊ဘာလူခါလီစခန်းနေ ရိုဟင်ဂျာဒုက္ခသည် တစ်ဦးကို အာဆာအဖွဲ့က ဇွန်လ ၄ရက်၊
ဒီနေ့နေ့လည်က သေနတ်နဲပစ်သတ်လိုက်တယ်လို့ ဒုက္ခသည်တွေက အတည်ပြုပြောပါတယ်။

အဲဒီအသက် ၃၅ နှစ်အရွယ်၊မာလက်ဆိုသူကို အကွ က် ၅၁ မှာ အာဆာအဖွဲ့၀င်ငါးဦးက သေနတ်နဲ့လာပစ်သွားတာမို့ အဲဒီနေရာမှာပဲသေဆုံးသွားတယ်လို့ အ နီးအနားရှိ မြင်တွေ့လိုက်ကြတဲ့ဒုက္ခသည်တွေက ဆိုကြပါတယ်။

''ဘာကြောင့်ပစ်သတ်သလဲဆိုတာမသိပါဘူး။ပစ်သတ်ခံရချိန်မသေသေးပါဘူး။ခဏနေမှသေသွားတာပါ။ဆေးရုံသို့မရောက်လိုက်ပါဘူး။''လို့ကိုယ် တိုင်မြင်တွေ့လိုက်ရသူတစ်ဦးက BNA သို့ ပြောပါတယ်။

အဲဒီလိုပစ်သတ်ခံရလို့နီးစပ်ရာဆေးရုံးမှတဆင့်ကော့ဘဇားဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီဘဂ်လားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊တက္ကနာဖ့်မြို့နယ်၊ဒုက္ခသည်စခန်းအမှတ် ၂၅ နေ၊ရိုဟင်ဂျာဒုက္ခသည်ငါးဦးကို ဇွန်လ ၂ ရက်နေ့က အကြမ်းဖက်
သမားတွေပြန်ပေးဆွဲသွားပြီး အဲဒီအထဲကတစ်ဦးရဲ့လက်တစ်ဖက်ကိုဖြတ်ထားခဲ့ပါတယ်။

''အရင်ကတည်းက မလုံခြုံတာပါ။ခုနောက်ပိုင်းပိုဆိုးလာနေပါတယ်။ကျနော်တို့ကို အကာအကွယ်ပေးမယ့်သူတွေ၊အဖွဲ့အစည်းတွေ တစ်ယောက်၊တ စ်ဖွဲ့မှမရှိပါဘူး။''လို့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက BNA သို့ ပြောပါတယ်။

ရခိုင်ပြည်၊မောင်တောဒေသမှာ ၂၀၁၇ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့စတင်ပြီးမြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလူဦးရေ ခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီရိုဟင်ဂျာခုနှစ်သိန်းအပြင် ဟိန္ဒိူဒု က္ခသည်တွေနဲ့အရင်ရောက်နှင်းနေတဲ့ဒုက္ခသည်စုစုပေါင်းတစ်သ န်းကျော်ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး၊ခရီးသွားလာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့အမှုရင်ဆိုင်နေရတဲ့အာ ဏာသိမ်းစစ်ကောင်စီဟာတရုတ်အကူအညီနဲ့ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကို ဟန်ပြလုပ်ဆောင်ပြနေတာလို့လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုကြပါတယ်။

(ဓာတ်ပုံ-၊အာဆာအဖွဲ့ပစ်သတ်ခဲ့သူရဲ့အလောင်းကိုတွေ့ရပုံ/BNA)