Get Mystery Box with random crypto!

Smart OET

Telegram kanalining logotibi smartoet — Smart OET S
Telegram kanalining logotibi smartoet — Smart OET
Kanal manzili: @smartoet
Toifalar: Kattalashtirilmagan
Til: Oʻzbek tili
Obunachilar: 876
Kanalning ta’rifi

Smart OET Training Centre

Ratings & Reviews

4.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

0

2 stars

0

1 stars

0


Oxirgi xabar

2023-05-06 18:14:43 နောက် Candidate တစ်ယောက်က OET ကို ဘာမှန်းတောင် မလေ့လာရသေးဘဲ သူများတွေ ၂လထဲနဲ့ဖြေလို့ အောင်သွားတာအားကျပြီး Exam booking ကို ယူလိုက်တယ်၊
.
ပြီးတော့ ကိုယ့် Duty တွေ မအားတာနဲ့ စာသိပ်မလုပ်ဖြစ်ဘဲ ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ စာထိထိရောက်ရောက် မလေ့လာဖြစ်ဘဲ စာမေးပွဲနီးမှ ခွင့်ယူပြီး ၂ ပတ်လောက်နဲ့ စာတွေကို တွန်းတိုက်ကြည့်သွားမယ်
.
စာမေးပွဲဖြေတော့လဲ Format သိပ်မသိ၊ Approach မသေချာနဲ့ ကိုယ်ထင်တာတွေ ဖြေခဲ့မယ်
.
ဒီ Candidate (၂)ယောက်မှာ ဘယ်သူက ကိုယ်လိုချင်တဲ့ အမှတ်ရဖို့ ပိုသေချာလဲဆိုတာ မေးဖို့တောင် မလိုတဲ့ မေးခွန်းပါ
.
ဒါပေမဲ့ ဒုတိယမြောက် Candidate လိုမျိုးတွေ ခဏခဏ တွေ့တွေ့နေရလို့ အားမလိုအားမရဖြစ်မိပါတယ်
.
တကယ်က ကိုယ်ဖြေမယ့် စာမေးပွဲက အရေးကြီးမှန်းမသိတာမဟုတ်ဘဲ ပေါ့ဆမိတာမျိုးက ကြောက်ဖို့ကောင်းပါတယ်
.
ဘယ်စာမေးပွဲမဆို ဖြေဖို့ ပြင်ဆင်တဲ့အခါ ကိုယ်နဲ့ ကိုက်ညီမယ့် Study plan တစ်ခုရှိတာက အထောက်ကူအများကြီးဖြစ်စေပါတယ်
.
Study Plan ဆွဲပြီး သေချာ လေ့လာတဲ့အခါမှာ ထိရောက်မှုရှိအောင် -
Continue Reading this in Facebook >>>> https://www.facebook.com/smartOET/posts/pfbid0qHqgPMpFP5LT3r1Vw6kb17CNYG5S3nnuv1PAGmD15ngryJfuZwqGw2oHMahpwCeQl
288 viewsT Min, 15:14
Ochish/sharhlash
2023-05-06 18:14:05
"Effective OET Exam Preparation"
.
Smart OET ကနေ OET လေ့လာတဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်
.
ဒီတစ်ခါတော့ OET Exam Preparation အတွက် အထောက်ကူဖြစ်စေမယ့် နည်းလမ်းတွေထဲက ဒုတိယအချက်ဖြစ်တဲ့ "Plan your Study Time" ကို ပြောပေးချင်ပါတယ်
.
ဘယ်လောက်လွယ်ကူတဲ့ ကိစ္စဖြစ်ဖြစ် ကြိုတင်စဉ်းစား လေ့ကျင့်ထားတာမျိုး မလုပ်ထားရင် မှားယွင်းနိုင်သေးတာမို့ ကိုယ့်ဘဝအတွက် အရေးပါတဲ့ စာမေးပွဲအတွက် သေချာလေ့ကျင့်ပြင်ဆင်ထားဖို့ လိုပါတယ်
.
Plan your Study Time
=========================
အရင်ဆုံး ဖြစ်ရပ် (၂) ခုကို စဉ်းစားကြည့်ပါ
.
Candidate တစ်ယောက်က ကိုယ်ဖြေမယ့် Exam format ကို သိအောင် လေ့လာထားမယ်၊ Practice tests တွေလဲ ဖြေထားမယ်၊ ကိုယ်အားနည်းတဲ့ Skill ကိုလဲ တတ်သိတဲ့ သူတွေဆီမှာ ပြင်ဆင်လေ့ကျင့်ထားမယ်၊ ကိုယ်နဲ့ ကိုက်ညီတဲ့ Effective Study Plan တစ်ခုလဲ ရှိမယ်၊ အဲဒီအတိုင်းလဲ လေ့ကျင့်ထားမယ်
.
ဒါတွေ အသင့်ဖြစ်ပြီဆိုမှ Exam Booking ကို ယူပြီး ပိုင်ပိုင်နိုင်နိုင် ဖြေသွားမယ်
286 viewsT Min, 15:14
Ochish/sharhlash
2023-05-01 17:29:44 5 Effective Methods for Exam Preparation
==============================
1. Know the Format
2. Plan your Study Time
3. Seek a Study Partner
4. Practise with Mock Tests
5. Prioritize Rest and Self-care
.
ပုံထဲမှာတော့ အကျဉ်းချုပ်ရေးပေးထားပါတယ်။ ဒီနေ့မှာတော့ Test Format ကို ဘာတွေသိထားရမလဲဆိုတာ ဆွေးနွေးပေးသွားပါမယ်ဗျ
.
1. Know the Format
.
ကိုယ်ဖြေမယ့် စာမေးပွဲရဲ့ မေးခွန်းပုံစံကို သိဖို့က အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ပါတယ်
.
ဘယ်စာမေးပွဲမဆို စစ်တဲ့အခါ အသုံးပြုတဲ့ နည်းလမ်း၊ Test တစ်ခုချင်းစီရဲ့ Format တွေကို မဖြစ်မနေ လေ့လာထားဖို့ လိုပါတယ်
.
သိပ်မကြာသေးခင်က OET on computer ဖြေမယ့် Candidate တစ်ယောက်က မဖြေခင် ၂ ရက်လောက်အလိုမှ Listening Sub-Test မှာ နောက်ဆုံးကျရင် ပြန်စစ်ဖို့ 2 minutes မပေးတာကို ဆရာနဲ့ စကားပြောရင်းမှ သိလိုက်ရတော့မှ သူအံ့ဩသွားပါတယ်
.
တကယ်တော့ ဒီလို အချက်မျိုးဆိုတာ စာမေးပွဲ အမျိုးအစား (Paper or Computer) မရွေးခင်ထဲက Format မတူညီတဲ့အချက်တွေကို သိထားရမှာပါ
.
မဟုတ်ရင် စာမေးပွဲဖြေတဲ့အချိန်မှ အသေးအဖွဲလေးကနေလဲ ပြဿနာတက်သွားတာမျိုးတွေ ကြုံရနိုင်ပါတယ်
.
4 Skills အတွက် Test တစ်ခုချင်းစီရဲ့ Format ကို လေ့လာတဲ့အခါမှာ -
.
1. Questions အရေအတွက်နဲ့ အမျိုးအစားများ
2. မေးခွန်းတစ်ပိုင်း ချင်းစီရဲ့ ဖြေချိန်
3. ကြားမှာ နားချိန်/ ပြန်စစ်ဖို့အချိန် ရှိ၊ မရှိ
4. စာရွက်ပေါ်မှာ ချမှတ်လို့ ရ၊ မရ
5. ခဲတံ သို့ ဘောပင် ဘာနဲ့ ဖြေခွင့်ပေးထားလဲ
6. ကိုယ်လိုချင်တဲ့ Grade ရဖို့ အနည်းဆုံး ဘယ်နှခုလောက် မှန်သင့်လဲ - စတဲ့ အချက်တွေကို အသေးစိတ်သိထားသင့်တဲ့အပြင်
.
7. ကိုယ့်အတွက် ခက်ခဲတဲ့ မေးခွန်း အမျိုးအစားနဲ့ အမှတ်ရအောင် ယူနည်းတွေကိုပါ သိထားသင့်ပါတယ်
.
နောက်ထပ် အချက်တွေကိုလဲ နောက် Post တွေမှာ ထပ်ပြောပြပေးသွားပါမယ်ဗျ

Dr. Nay
Smart OET Training Centre
"Study Smart Series"
391 viewsT Min, 14:29
Ochish/sharhlash
2023-05-01 17:29:39 "Effective OET Exam Preparation"
.
Smart OET ကနေ OET လေ့လာတဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်
ဒီတစ်ခါတော့ OET Exam Preparation အတွက် အထောက်ကူဖြစ်စေမယ့် နည်းလမ်းတွေကို ပြောပေးချင်ပါတယ်
OET Exam က ကိုယ့်အလုပ်အတွက်၊ Further study အတွက် အရေးပါတဲ့ စာမေးပွဲမို့ သေချာလေ့ကျင့်ပြင်ဆင်ထားဖို့ လိုပါတယ်
ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းတွေကို မှတ်သားလေ့ကျင့်ထားရင် စာမေးပွဲကို သေချာဖြေဆိုနိုင်ပါလိမ့်မယ်
339 viewsT Min, 14:29
Ochish/sharhlash
2023-04-18 17:26:03
OET Live Class - 20.4.2023 (Thursday)
.
OET Live class များကို သင်တန်းသားတိုင်း စာမေးပွဲဖြေချိန်အထိ ကန့်သတ်ချက်မရှိဘဲ အပတ်တိုင်း တက်ရောက်နိုင်ပါတယ်
.
.ဒီ Live Class မှာတော့ OET Reading Practice ကို အတူလေ့ကျင့်ပေးမှာပါ
.
တကယ်လို့ Duty ချိန်နဲ့တိုက်နေလို့ မတက်နိုင်ရင်လဲ Recorded Video ကို Smart Website မှာ ပြန်တင်ပေးမှာမို့ ကိုယ့် Account မှာ အချိန်မရွေးပြန်ကြည့်လို့ ရပါတယ်ဗျ
.
Info
Date - 20.4.2023 (Thursday)
Time - 8 - 9 PM
Zoom Live Class
.
.
Register
.ဒီ Live class ကို တက်ရောက်ချင်ရင်တော့
.
သင်တန်းသားအားလုံးရှိတဲ့ Facebook Group post အောက်မှာ comment ပေးထားပါဗျ
511 viewsT Min, 14:26
Ochish/sharhlash
2023-04-05 18:13:10
OET Listening ကို လေ့ကျင့်တဲ့အခါ တစ်ခါတစ်လေ Candidate တွေဖြစ်တတ်တာက ကိုယ့် Skill ကို မတိုးတက်လာဘူးလို့ ခံစားရတတ်ပါတယ်
.
OET Listening Skill ဆိုတာကလဲ ချက်ချင်းလုပ် ချက်ချင်းရတဲ့ Skill မျိုးမဟုတ်လို့ Tips & Tricks လောက်လေး သိရုံနဲ့ စာမေးပွဲဝင်ဖြေလို့ မရပါဘူး
.
.ဒီတစ်ပတ် Live Class မှာတော့ OET Listening ကို ဘယ်လိုနည်းနဲ့ လေ့ကျင့်တာက အချိန်တိုအတွင်း အထိရောက်ဆုံးဖြစ်မလဲ ဆိုတာကို ပြောပေးသွားမှာပါ
.
Info
Date - 6.4.2023 (Thursday)
Time - 8 - 9 PM
Zoom Live Class
.
.
OET Live class များကို သင်တန်းသားတိုင်း စာမေးပွဲဖြေချိန်အထိ ကန့်သတ်ချက်မရှိဘဲ အပတ်တိုင်း တက်ရောက်နိုင်ပါတယ်
.
တကယ်လို့ Duty ချိန်နဲ့တိုက်နေလို့ မတက်နိုင်ရင်လဲ Recorded Video ကို Smart Website မှာ ပြန်တင်ပေးမှာမို့ ကိုယ့် Account မှာ အချိန်မရွေးပြန်ကြည့်လို့ ရပါတယ်ဗျ
.
Register
.ဒီ Live class ကို တက်ရောက်ချင်ရင်တော့
.
သင်တန်းသားအားလုံးရှိတဲ့ Facebook Group post အောက်မှာ comment ပေးထားပါဗျ
641 viewsT Min, 15:13
Ochish/sharhlash
2023-04-03 16:33:56
Plab (1) Intensive Training Course

Contact www.facebook.com/smartedu.mm for more details.

>>>> https://www.facebook.com/photo/?fbid=610503021093984&set=a.564404252370528
538 viewsT Min, 13:33
Ochish/sharhlash
2023-03-30 17:20:43 IELTS က ပိုအားသာတဲ့ အချက်ကတော့
.
1. IELTS Exam Preparation Materials တော်တော်များများမှာရှိပါတယ်၊
OET ကတော့ Preparation Materials က IELTS လောက် သိပ်မများပါဘူး
.
2. Exam fee ကတော့ IELTS က OET ထက် ၂ဆခွဲလောက် သက်သာပါတယ်
.
.ဒါပေမဲ့ IELTS ကို ၂ခါ၊ ၃ခါ လောက်ဖြေနေရရင်တော့ Cost အနေနဲ့ မထူးပါဘူး၊ အချိန် ပိုကြာသွားတာမျိုး ရှိတတ်ပါတယ်
.
Exam Centres
================
IELTS Exam center နိုင်ငံတော်တော်များများမှာရှိပါတယ်၊ မြန်မာနိုင်ငံမှာလဲ ဖြေလို့ ရပါတယ်
.
OET ကတော့ အရင်တုန်းက Thai / Singapore မှာ သွားဖြေရပေမဲ့ အခုတော့ မြန်မာနိုင်ငံမှာပါ ဖြေလို့ရပြီမို့ မခက်တော့ပါဘူး
.
.ဒါတွေကတော့ IELTS နဲ့ OET စာမေးပွဲ၂ခုရဲ့ ခြားနားချက်တွေပါ
.
.ဒီလို OET နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လေ့လာစရာတွေကို နောက်ထပ်လဲ တင်ပေးသွားပါဦးမယ်ဗျ
734 viewsT Min, 14:20
Ochish/sharhlash
2023-03-30 17:20:41 .
IELTS နဲ့ယှဉ်ရင် OET ရဲ့ အားသာချက်တွေကတော့
.
IELTS = Medical profession နဲ့ ဆိုင်တာတွေပဲ မေးမှာမဟုတ်လို့ ကျန်တဲ့ Topic များပါ လေ့လာရပါတယ်
.
OET = Medical Professionals တွေအတွက် သီးသန့်စာမေးပွဲမို့ မဆိုင်တဲ့ Topic တွေ လေ့လာစရာမလိုပါ
.
IELTS = ကိုယ့်ရဲ့ Further study ရွေးထားတဲ့ စာမေးပွဲပေါ်မူတည်ပြီး Skill တစ်ခုစီမှာ 7.0 , Overall score = 7 or 7.5 ရဖို့ သတ်မှတ်ထားလို့ အဲဒီလောက် score ရဖို့ တော်တော်ကြိုးစားရပါတယ်
.
OET = Overall score မရှိဘဲ Skill တစ်ခုချင်းစီမှာ Grade - B နဲ့အထက်ရဖို့ပဲလိုပါတယ် Overall score မလိုပါဘူး
.
IELT‌S ဖြေဖို့ လေ့လာတဲ့အခါ vocabulary တွေက topic မျိုးစုံကနေ လေ့လာရပြီး ကျယ်ပြန့်ပါတယ်
.
OET ကတော့ Medical Field က အသုံးအနှုန်းတွေမို့ ကိုယ်နဲ့ပိုရင်းနှီးပါတယ်
.
IELTS အတွက် လေ့လာရတဲ့ 4 skills material တွေက Medical environment မှာ အားလုံး အသုံးဝင်ချင်မှ ဝင်ပါမယ်
.
OET မှာတော့ Exam ဖြေဖို့ လေ့လာထားရင် တကယ့် Workplace မှာလဲ အသုံးချလို့ ရပါတယ်
544 viewsT Min, 14:20
Ochish/sharhlash
2023-03-30 17:20:36
OET နဲ့ IELTS ဘယ်ဟာက ပိုလွယ်လဲ ၊ ဘယ် Exam ကို ဖြေသင့်လဲ
.
.ဒီ Post မှာတော့ IELTS နဲ့ OET ရဲ့ မတူတဲ့ အချက်တွေကို ပြောပေးပါမယ်
.
IELTS နဲ့ OET စာမေးပွဲ ၂ခုလုံးမှာ English 4 skills ဖြေရတာချင်းတူပါတယ်
478 viewsT Min, 14:20
Ochish/sharhlash